၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ )ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ www.tourism.gov.mm နှင့် www.tourisminmyanmar.com.mm တို့၏ လုံခြုံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ CMS စနစ်များ ပုံမှန် Update ဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၂-၁၁-၂၀၁၉ ရက်နေ့မှ ၁၁-၁၂-၂၀၁၉ ရက်နေ့ အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းနည်းပညာ ကုမ္ပဏီ (၁၂)ခုမှ အဆိုပြုလွှာပုံစံများ ဝယ်ယူခဲ့ပြီး ၎င်းတို့အနက်မှ ကုမ္ပဏီ (၂) ခုက အဆိုပြုလွှာများ လာရောက် တင်သွင်းခဲ့ ပါသည်။
၂။ အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၁-၁၂-၂၀၁၉ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ တင်ဒါကော်မတီ ဝင်များ၊ အဆိုပြုလွှာ တင်သွင်းသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၏ရှေ့တွင် တင်သွင်းထားသည့် ဈေးနှုန်းများကို ဖွင့်ဖောက်စိစစ်အတည်ပြုခြင်း၊ ဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ ရှင်းလင်းတင်ပြချက်များကို စိစစ်မေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။
၃။ www.tourism.gov.mm နှင့် www.tourisminmyanmar.com.mm တို့၏ လုံခြုံမှုပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ CMS စနစ်များ ပုံမှန် Update ဖြစ်စေရန်နှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို တင်ဒါသတ်မှတ် စံနှုန်းများ နှင့်အညီ တင်ဒါ ကော်မတီ၏ ရွေးချယ်မှု၊ ဝန်ကြီးဌာန စီမံခန့်ခွဲမှုကော်မတီ၏ သဘောတူ ခွင့်ပြုမှုဖြင့် Secure Link Co., Ltd အား လုပ်ငန်းအပ်နှံရန် အတည်ပြုရွေးချယ်ကြောင်း ထုတ်ပြန်
အပ်ပါသည်။
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန