Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန “ကြိုဆိုပါသည် မြန်မာပြည်” ရောင်စုံဓာတ်ပုံပြိုင်ပွဲ

၁။ ပြိုင်ပွဲခေါင်းစဉ်နှင့်ဆုကြေး ပြိုင်ပွဲခေါင်းစဉ်နှင့် လျော်ညီစေရေးတွက် မြန်မာပြည်အနှံ့အပြားရှိ ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားဖွယ် ရိုက်ကူးထားသောခရီးစဉ် ဒေသပုံများ၊ ရိုးရာပွဲတော်များ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ များဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ တိုးတက်လာမည့် ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားဖွယ် မြန်မာပြည်၏ခရီး စဉ်ဒေသများကို ဖော်ထုတ်လိုခြင်းဖြစ်ပြီး ဆုများကို အောက်ဖော်ပြပါအတိုင်းသတ်မှတ်ပေးသွား မည်ဖြစ်ပါသည်- (က) ပထမဆု ကျပ်(၇)သိန်း (၁)ဆု (ခ) ဒုတိယဆု ကျပ်(၅)သိန်း (၁)ဆု (ဂ) တတိယဆု ကျပ်(၃)သိန်း (၁)ဆု (ဃ) နှစ်သိမ့်ဆု ကျပ်(၁)သိန်း (၁၅)ဆု စုစုပေါင်း (၁၈)ဆု ၂။ ပြိုင်ပွဲစည်းကမ်းချက်များ (က) ပြိုင်ပွဲဝင်တစ်ဦးသည် (၁၂x၁၈)လက်မအရွယ် ဓာတ်ပုံများကို အများဆုံး(၁၀)ပုံတင် သွင်းနိုင်သည်။ ယှဉ်ပြိုင်သည့်ပုံနှင့်အတူ (၄x၆)လက်မအရွယ် CD (72 dpi) အား တစ်ပါတည်းတင်ပြရမည်ဖြစ်ပါသည်။ (ခ) ဆုရွေးချယ်ခြင်းခံရသည့် ဓာတ်ပုံများအတွက် ပထမဆုအတွက် Size (၂၄x၃၆) လက်မ CD (300 dpi)၊ ဒုတိယဆုအတွက် Size (၂၀x၃၀) လက်မ CD (300 dpi) ၊ ကျန်ဆုရဓာတ်ပုံများအတွက် Size (၁၂x၁၈) လက်မ CD (300dpi) ပုံများနှင့် Orginal File နှင့် ဆုရရှိသူ၏ ဓာတ်ပုံနှင့် ကိုယ်ရေးအကျဉ်းအား A4 ဆိုဒ်ဖြင့်လည်းကောင်း၊ ဆုကြေငြာပြီး (၃)ရက်အတွင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲ ၊ အမှတ်(၅၈/၆၂)၊ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနာလမ်းထောင့် ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီးသို့ မပျက်မကွက် ပေးပို့ရန်နှင့် အချိန်မှီ ပေးပို့နိုင်ခြင်းမရှိပါက ဆုရဓာတ်ပုံစာရင်းမှ ပယ်ဖျက်ခြင်းခံရမည် ဖြစ်ပါသည်။ ပထမဆု၊ဒုတိယဆုနှင့်တတိယဆုရရှိသူများသည်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင် မပျက်မကွက်တက်ရောက်၍ ဆုလက်ခံရယူရမည်။ (ဂ) မည်သည့်ကင်မရာအမျိုးအစားကိုမဆို အသုံးပြုခွင့်ရှိပြီး ဒီဂျစ်တယ်နည်းပညာဖြင့် ပြု ပြင်ထားသောပုံများမဖြစ်စေရ၊ ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဘူး သောပုံများနှင့် စီးပွားရေးကြော်ငြာများ ၊ပုံနှိပ်ထုတ်ဝေမီဒီယာများ ၊ ဝက်ဆိုဒ်များတွင် အသုံးပြုပြီးသောပုံများမဖြစ်စေရ ၊ ထို့အပြင်အခြားပြိုင်ပွဲများတွင် ဆုရသောပုံများ မဖြစ်စေရ။ (ဃ) ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝန်ခံချက်ပါရှိရမည် ။ ဓာတ်ပုံပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အရှုပ်အရှင်းတစ်စုံတရာပေါ်ပေါက်ပါက ပြိုင်ပွဲဝင်သူ၏ တာဝန်သာဖြစ်ပြီးပြေလည် အောင်ဖြေရှင်းပေးရမည်ဖြစ်သည်။ (င) ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သော ဓာတ်ပုံများမှ ဆုမရရှိသောဓာတ်ပုံများကို ဤဝန်ကြီး ဌာန၏ Website များနှင့် Social Media Channels များ၊ ပြပွဲများ ၊ ပုံနှိပ်ထုတ်ဝေ ခြင်းများစသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ တွင် အသုံးပြုရန် အကြောင်းပေါ်ပေါက်လာသောအခါ ကာယကံရှင်နှင့်ညှိနှိုင်း၍ အသုံးပြု မည်ဖြစ်ပါသည်။ (စ) ဓာတ်ပုံပြိုင်ပွဲကြီးကြပ်သူများ ၊ အကဲဖြတ်သူများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် မိသားစုများ ပါဝင်ယှဉ်ပြိုင်မှုမရှိစေရ။ (ဆ) တရားဝင်အမည် တစ်ခုတည်းဖြင့်သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမည်ခွဲများ၊ ကလောင်ခွဲ များဖြင့် ပါဝင်ယှဉ်ပြိုင်ပါက အဆိုပါပြိုင်ပွဲ၏ဆုကိုပယ်ဖျယ်ခြင်းခံရမည်။ (ဇ) နိုင်ငံတော်၏မူဝါဒ ၊ ဉပဒေနှင့်ညှိစွန်းသောပုံများ ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင် သောပုံများမဖြစ်စေရ။ (ဈ) ပါဝင်ယှဉ်ပြိုင်သူနည်းပါးလျင်ဖြစ်စေ ၊ စိတ်ကျေနပ်ဖွယ်ရာရှိ၍ အရည်အသွေး ကောင်းသော ပုံများမရှိလျင်ဖြစ်စေ၊ ဆုရွေးချယ်ရေးကော်မတီအနေဖြင့် ဆုကို ကန့်သတ်ပေးပိုင်ခွင့် သော်လည်းကောင်း ၊ ဆုရွေးချယ်ပွဲကို အချိန်ရွေ့၍ ပြန်လည် ကျင်းပ၍ သော်လည်းကောင်း ၊ ပြုလုပ်ပိုင်ခွင့်ရှိသည်ကို ပြိုင်ပွဲဝင်များက သဘောတူရ ပါမည်။ သဘောထားကွဲလွဲမှု တစ်စုံတစ်ရာရှိပါက ဆုရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။ ၃။ ပြိုင်ပွဲဝင်ပုံစံ ပြိုင်ပွဲဝင်ပုံစံကို မိတ္တူကူး၍သော်လည်းကောင်း ၊အသစ်ပြန်ရိုက်၍ သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။ အောက်ပါပုံစံအတိုင်း ပြည့်စုံစွာဖြည့်စွက်၍ မိမိယှဉ်ပြိုင်သည့် ပုံကျောဘက်တွင်တိတ်ဖြင့် ကပ်ပေးရမည်။ ဓာတ်ပုံကျောသားပေါ်တွင် မည်သည့်အမှတ်အသားမှ မပါစေရပါ။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ဓာတ်ပုံပြိုင်ပွဲဝင်ခွင့်ပုံစံ အမည် နိုင်ငံသားကဒ်အမှတ် နေရပ်လိပ်စာ ဆက်သွယ်ရန်ဖုန်း ဓာတ်ပုံ၏တည်နေရာအပြည့်အစုံ (မြန်မာ) (အင်္ဂလိပ်) ဓာတ်ပုံအကြောင်းအရာအပြည့်အစုံ (မြန်မာ) (အင်္ဂလိပ်) ဤပြိုင်ပွဲအတွက် အသေးစိတ်စည်းကမ်းများကို သေချာဖတ်ရှုနားလည်ပြီး သဘောတူ လက်ခံကြောင်းဝန်ခံလက်မှတ်ရေးထိုးပါသည်။
About the author

Leave a Reply