၁။ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံးနှင့်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့၏၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရုံးသုံးစာရေးကိရိယာပစ္စည်းများကို တင်ဒါစနစ်ဖြင့် ၀ယ်ယူရန် ၂၈-၁၁-၂၀၁၉ ရက်နေ့မှ ၁၁-၁၂-၂၀၁၉ ရက်နေ့အထိ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ ကုမ္ပဏီ/ဆိုင်(၃)ခုမှ အဆိုပြုလွှာများ တင်သွင်းခဲ့ပါသည်။
၂။ အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါအဆိုပြုလွှာများကို၁၁-၁၂-၂၀၁၉ ရက်နေ့၊ နေ့လည် (၁:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန ၊ နီလာခန်းမတွင် တင်ဒါကော်မတီ၀င်များ ၊ အဆိုပြုလွှာတင်သွင်းသူများ၏ ရှေ့၌ တင်သွင်းလာသည့် ဈေးနှုန်းများကို ဖွင့်ဖောက်စိစစ်ခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၊ ၀န်ကြီးရုံးနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့အတွက် ရုံးသုံးစာရေးကိရိယာပစ္စည်းများ၀ယ်ယူရန် တင်ဒါကော်မတီ၏ရွေးချယ်မှု၊ ၀န်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ သဘောတူခွင့်ပြုချက်ဖြင့်CD-Link Company Limited မှ ရုံးသုံးစာရေးကိရိယာပစ္စည်းများ၀ယ်ယူရန်အတည်ပြုရွေးချယ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန