Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အခွန်အခများအား Online မှတဆင့် ငွေပေးချေနိုင်ပြီဖြစ်ကြောင်း အသိပေးခြင်း

၁။ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အောက်ပါလုပ်ငန်းများ အတွက် ၁-၉-၂၀၂၀ ရက်နေ့မှစ၍ Online မှတဆင့် MPU Card ၊ Visa Card ၊ Master Card ၊ JCB Card ၊ UnionPay Card နှင့် CB Pay များကို အသုံးပြု၍ ငွေပေးသွင်းနိုင်ပြီဖြစ်ပါသည် −
(က) လိုင်စင်ကြေးများ
(ခ ) ဗီဇာကြေး
(ဂ) Web Portal Membership ကြေးနှင့် ကြော်ငြာကြေးများ
(ဃ) သင်တန်းကြေးများ
(င) တင်ဒါ မှတ်ပုံတင်ကြေးများ
၂။ ဝန်ကြီးဌာန၏ https://payment.tourism.gov.mm မှတဆင့် ဝင်ရောက်အသုံးပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
About the author

Leave a Reply