ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွေ့လင်မြို့တွင် ၁၈-၁၀-၂၀၁၉ ရက်နေ့မှ ၂၀-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံခရီးသွားလုပ်ငန်းပြပွဲ – ၂၀၁၉ (2019 CHINA-ASEAN Expo Tourism Exhibition) သို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြားပြီး Guilin Exhibition Center တွင် ဖွင့်လှစ်ပြသထား သည့်မြန်မာနိုင်ငံမှခရီးသွားပြခန်း၊ အာဆီယံနိုင်ငံများမှပြခန်းများနှင့်တရုတ်နိုင်ငံမှပြခန်းများ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားအပြီးတွင် Guilin Exhibition Center ပထမထပ်တွင် Tourism Promotion Conference of Guest Country of Honor (Myanmar)ကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးတရုတ်နိုင်ငံမှခရီးသွားလုပ်ငန်းစီစဉ် ဆောင်ရွက်သူ (၁၀၀)ကျော်အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးနန္ဒာစိုးမြင့်မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအခြေအနေများအကြောင်းကို ရှင်းလင်းတင်ဆက် ပြသခဲ့ပါသည်။ ဆက်လက်၍ ၁၉-၁၀-၂၀၁၉ နံနက်ပိုင်းတွင် Lijiang Waterfall Hotel ၌ CAEXPO Exhibition Committee မှ ကျင်းပပြုလုပ်သည့် China – ASEAN Expo Inbound Tourism E-Commerce Forum သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးနန္ဒာစိုးမြင့်တက်ရောက်ခဲ့ပြီး Tourism Cooperation Perspective between Myanmar and China ကို Forum သို့တက်ရောက်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ (၂၀၀) ဉီးကိုတင်ဆက်ပြသခဲ့ပါသည်။ ၂၀-၁၀-၂၀၁၉ ရက်နေ့တွင် Guilin Exhibition Center ၌ဆုချီးမြှင့်ခြင်းခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ The Best Organization Award နှင့် The Best Demonstration Award ဆု (၂) ဆုကိုရရှိခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဉီးနန္ဒာစိုးမြင့် မှ ဆုချီးမြှင့်ပွဲအခမ်းအနားကိုတက်ရောက်၍ ဆုလက်ခံရယူခဲ့ပါသည်။