Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

Day

November 4, 2019
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဉီးဆောင်သောအဖွဲ့သည် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ၊  ကွေ့လင်မြို့တွင် ၁၈-၁၀-၂၀၁၉ ရက်နေ့မှ ၂၀-၁၀-၂၀၁၉ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် တရုတ်-အာဆီယံခရီးသွားလုပ်ငန်းပြပွဲ – ၂၀၁၉  (2019 CHINA-ASEAN Expo Tourism Exhibition) သို့တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်အမှာစကားပြောကြားပြီး Guilin Exhibition Center တွင် ဖွင့်လှစ်ပြသထား             သည့်မြန်မာနိုင်ငံမှခရီးသွားပြခန်း၊ အာဆီယံနိုင်ငံများမှပြခန်းများနှင့်တရုတ်နိုင်ငံမှပြခန်းများ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါအခမ်းအနားအပြီးတွင် Guilin Exhibition Center ပထမထပ်တွင် Tourism Promotion Conference of Guest Country of  Honor  (Myanmar)ကိုဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီးတရုတ်နိုင်ငံမှခရီးသွားလုပ်ငန်းစီစဉ် ဆောင်ရွက်သူ (၁၀၀)ကျော်အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဉီးနန္ဒာစိုးမြင့်မှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအ​ခြေအနေများအကြောင်းကို ရှင်းလင်းတင်ဆက် ပြသခဲ့ပါသည်။ ဆက်လက်၍ ၁၉-၁၀-၂၀၁၉...
Continue Reading