Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Digital Marketing လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခရီးစဉ်ဒေသအလိုက် ဆွဲဆောင်မှုရှိသည့် ဓာတ်ပုံများရိုက်ကူးရန် ဈေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း

နေပြည်တော်၊ ဧပြီလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Marketing ဆိုင်ရာလုပ်ငန်းများ တွင် အသုံးပြုရန် မြန်မာနိုင်ငံခရီးစဉ်ဒေသ အစုံပါဝင်သော ဓာတ်ပုံ များ ဝယ်ယူစုစည်းသွားမည်ဖြစ်ပါသည်။ အထက်ပါလုပ်ငန်းဆောင်ရွက်ရန် ပြည်တွင်းပြည်ပမှ စိတ်ပါ ဝင်စားသည့် ကုမ္ပဏီ များ၊ လုပ်ငန်း ရှင်များ၊ Photographer ၊ Travel Writer ၊ Graphic Designer၊ Journalist နှင့် Blogger များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ လစဉ် ပထမရက် သတ္တပတ်အတွင်း အောက်ပါလိပ်စာသို့ ဈေးနှုန်းအဆိုပြုလွှာ များ လာရောက်တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါ သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း သိရပါသည်။ ဆက်သွယ်ရန်လိပ်စာ- e-Government Office၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်။
About the author

Leave a Reply