Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Digital Marketing လုပ်ငန်းများလုပ်ဆောင်ရန်အတွက် တရုတ်၊ ဂျပန်၊ ကိုရီးယားဘာသာများသို့ပြန်ဆိုရန် ဈေးနှုန်းအဆိုပြု လွှာခေါ်ယူခြင်း

နေပြည်တော်၊ ဧပြီလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် websiteများ၊ social mediaများတွင် ထုတ်လွှင့်ဖော်ပြ ထားသောအချက်အလက်များ၊ သတင်းများနှင့် ဆောင်းပါးများကိုတရုတ်၊ ဂျပန်၊ ကိုရီးယား ဘာသာ များသို့ဘာသာပြန်ဆို၍ Digital Marketing ဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ပါသည်။ အထက်ပါ ဘာသာပြန်ဆိုခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင် များနှင့် သက်ဆိုင်ရာဘာသာရပ်များသို့ ဘာသာပြန်ဆိုသူများ အနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ လစဉ်ပထမရက် သတ္တပတ် အတွင်း အောက်ပါ လိပ်စာသို့ ဈေးနှုန်းအဆိုပြုလွှာများ လာရောက် တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါကဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါသည်။ ဆက်သွယ်ရန်လိပ်စာ- e-Government Office၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်။
About the author

Leave a Reply