Digital Marketing လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခရီးစဉ်ဒေသဆိုင်ရာ promotion video များ ရိုက်ကူးထုတ်လွှင့်ရန် ဈေးနှုန်းအဆိုပြုလွှာခေါ်ယူခြင်း

နေပြည်တော်၊ ဧပြီလ (၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် Digital Marketing ဆိုင်ရာလုပ် ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်င ခရီးစဉ် ဒေသဆိုင်ရာ အောက်ပါ Promotion Videoများအားလစဉ် (၁) လလျှင် Video (၄)ပုဒ် ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရပါသည်။

(က) ခရီးစဉ်ဒေသအစုံပါဝင်သော၂:၃၀ မိနစ်စာ Video ရိုက်ကူး ထုတ်လွှင့်ခြင်း-၂ပုဒ်

(ခ) ခရီးစဉ်ဒေသအစုံပါဝင်သော ၁:၀၀ မိနစ်စာ Video ရိုက်ကူး ထုတ်လွှင့်ခြင်း – ၂ပုဒ်

အထက်ပါ လုပ်ငန်းများကိုဆောင်ရွက်ရန် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသည့် ရုပ်သံထုတ် လုပ်သည့် ကုမ္ပဏီများနှင့် လုပ်ငန်း ရှင်များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ လစဉ် ပထမရက် သတ္တပတ်အတွင်း အောက်ပါလိပ်စာသို့ ဈေးနှုန်းအဆိုပြုလွှာများ လာရောက်တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါ သည်။ အသေးစိတ် သိရှိလိုပါကဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါသည်။

ဆက်သွယ်ရန်လိပ်စာ- e-Government Office၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်။

About the author

Leave a Reply