Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

Digital Marketing လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခရီးစဉ်ဒေသဆိုင်ရာဆောင်းပါးများအတွက် ဈေးနှုန်းအဆိုပြု လွှာခေါ်ယူခြင်း

နေပြည်တော်၊ ဧပြီလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Digital Marketing ဆိုင်ရာလုပ်ငန်း များတွင် အသုံးပြုရန် မြန်မာနိုင်ငံခရီးစဉ် ဒေသများ၏ အချက် အလက်များ၊ သတင်းနှင့်ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြန့်ချီထုတ်လုပ်သွားမည်ဖြစ်ပါသည်။ အထက်ပါ လုပ်ငန်းများကိုဆောင်ရွက်ရန် ပြည်တွင်းပြည်ပမှ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ Travel Writer ၊ Journalist နှင့် Blogger များအနေဖြင့် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ လစဉ်ပထမရက်သတ္တပတ်အတွင်းအောက်ပါလိပ်စာသို့ ဈေးနှုန်း အဆိုပြု လွှာများ လာရောက် တင်သွင်းနိုင် ရန် ဖိတ်ခေါ်အပ်ပါသည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်း နိုင်ကြောင်း သိရပါသည်။ ဆက်သွယ်ရန်လိပ်စာ- e-Government Office၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၊ နေပြည်တော်။
About the author

Leave a Reply