ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ Google Marketing ၊ Social Media Marketing ၊ Page နှင့် Post Boosting လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀-၁၁-၂၀၁၉ ရက်နေ့မှ ၁၉-၁၂-၂၀၁၉ ရက်နေ့ အထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းနည်းပညာ ကုမ္ပဏီ (၄၆)မှ အဆိုပြုလွှာပုံစံများ ဝယ်ယူခဲ့ပြီး ၎င်းတို့အနက်မှ ကုမ္ပဏီ (၇) ခုက အဆိုပြုလွှာများ လာရောက် တင်သွင်းခဲ့ပါသည်။
အဆိုပါ ကုမ္ပဏီများ၏ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို ၁၉-၁၂-၂၀၁၉ နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ ကျောက်စိမ်းခန်းမ၌ တင်ဒါကော်မတီ ဝင်များ၊ အဆိုပြုလွှာ တင်သွင်းသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၏ရှေ့တွင် တင်သွင်းထားသည့် ဈေးနှုန်းများကို ဖွင့်ဖောက်စိစစ်အတည်ပြုခြင်း ၊ တင်ဒါတင်သွင်းသည့်ကုမ္ပဏီများမှ တင်သွင်းလာသည့် စျေးနှုန်းများနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ သဘောတူညီချက်များရယူခြင်းများကို ပြုလုပ်ခဲ့ပါသည်။
၂၇-၁၂-၂၀၁၉ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ၊ ကျောက်စိမ်းခန်းမ ၌ တင်ဒါကော်မတီဝင်များ ၊ အဆိုပြုလွှာ တင်သွင်းသော ကုမ္ပဏီ တစ်ဖွဲ့ချင်းစီနှင့်တွေ့ဆုံပြီးဆောင်ရွက်ပေးမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ကုမ္ပဏီများ၏ရှင်းလင်းတင်ပြ
ချက်များကို စိစစ်မေးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။
Google Marketing ၊ Social Media Marketing ၊ Page နှင့် Post Boosting လုပ်ငန်းများကို တင်ဒါ သတ်မှတ်စံနှုန်းများနှင့်အညီ တင်ဒါကော်မတီ၏ရွေးချယ်မှု ၊ ဝန်ကြီးဌာနစီမံခန့်ခွဲမှုကော်မတီ၏ သဘောတူ ခွင့်ပြုမှုဖြင့် Idea Capsule Co., Ltd အား လုပ်ငန်းအပ်နှံရန် အတည်ပြုရွေးချယ်ကြောင်း ထုတ်ပြန် အပ်ပါသည်။