Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသ ေင်္ဘာ MV Genting Dream မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ (၁၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကြီးကြပ်မှု ၊ TZK ခရီးသွားကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသ ‌ေင်္ဘာ MV Genting Dream လာရောက်လည်ပတ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွား ညွှန် ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်ကျော်နှင့် ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူအင်အားဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့် TZK ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး TZK ခရီးသွားကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဉီးက ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီး သင်္ဘောဝင်ရောက်မှုအစီအစဉ် များကို ရှင်းလင်းတင်ပြပါသည်၊ ထို့နောက် တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက အပျော်စီးသ ‌ေင်္ဘာ အဆင်ပြေစွာဝင်ရောက်၍ လိုက်ပါလာသည့် ကမ္ဘာလှည့်ခရီးသည်များ မြိတ်ကျွန်းစုအတွင်း အဆင်ပြေ စွာ ဝင်ရောက် လည်ပတ် နိုင်ရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအကြံပြု ဆွေးနွေး ညှိနှိုင်း ခဲ့ကြပါသည်။ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသ ‌ေင်္ဘာ MV Genting Dream သည် ၂၀.၁၂.၂၀၁၉ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံ၊ ကော့သောင်းခရိုင် ၊ ညောင်ဉီးဖီးကျွန်းသို့ ဆိုက်ရောက် လည်ပတ်မည်ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားဧည်သည် (၃၀၀၀) ကျော်နှင့် သ‌ေင်္ဘာအမှုထမ်း ၁၈၀၀ ကျော် ပါရှိလာပြီး  ထို့နေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းသို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သတင်းရရှိပါသည် ။

Leave a Reply