Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ အောက်တိုဘာလ (၂၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းပြည်ပမှခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝ အလှအပ များ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော် ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိအပျော်စီးသင်္ဘောများဖြင့် လည်းကောင်း လည်ပတ်လျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Khaing Lin Tun Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် ထိုင်းနိုင်ငံသားဧည့်သည် (၂၆) ဦးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁၀) စီးဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့မှ အောက်တိုဘာလ(၂၄)ရက်နေ့အထိ ထီးခီး-မောင်းမကန်ကမ်းခြေ-ရေနက်ဆိပ်ကမ်း-ထားဝယ်-ရေဖြူ-ကံပေါက်-ထားဝယ်-ထီးခီး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ထီးခီးနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွား ကြပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ပြီး  Khaing Lin Tun Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှ အောက်တိုဘာ(၂၄)ရက်နေ့အထိ ခရီးစဉ် (၁၄) ခု၊  မော်တော်ယာဉ် (၁၀၅) စီး၊ မော်တော်ဆိုင်ကယ် (၅၉) စီး၊ ခရီးသွားဧည့်သည် (၃၄၇) ဦးအား ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
About the author

Leave a Reply