Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်  ၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျှက်ရှိ

နေပြည်တော်၊ နိုဝင်ဘာလ(၂၉) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံ စိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ ပြည်တွင်းပြည်ပမှ ခရီးသွား ဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင် ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာ ခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက် များမှ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ပြည်တွင်းအပျော်စီးသင်္ဘောများဖြင့် မြစ်ကြောင်း ခရီးစဉ်များ အားလည်းကောင်း လာရောက်လည်ပတ်လျက်ရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သြစတြေးလျနိုင်ငံသားဧည့်သည်(၄)ဦးသည် ပြည်တွင်းမော်တော် ဆိုင်ကယ် (၄) စီးဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့မှ နိုဝင်ဘာလ(၁၇) ရက်နေ့အထိ ရန်ကုန်-ကျိုက်ထို-တောင်ငူ-ညောင်ရွှေ-ပုဂံ-ကန်ပက်လက်-အမ်း-ငပလီ-ပြည်-ရန်ကုန် ခရီးစဉ်များသို့ လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြပါသည်။

ထို့အတူ  အဆိုပါကုမ္ပဏီ၏ စီစဉ်ဆောင်ရွက်မှုဖြင့်ပင်  စပိန်နိုင်ငံသားဧည့်သည် (၂) ဦး ၊ ၊နယ်သာလန်နိုင်ငံသားဧည့်သည် (၃) ဦး ၊ သြစတြေးလျနိုင်ငံသူဧည့်သည် (၁)  ဦး ၊ ဗြိတိန် နိုင်ငံသားဧည့်သည် (၃) ဦး   ၊ ဒိန်းမတ်နိုင်ငံသားဧည့်သည် (၁) ဉီး ၊ စုစုပေါင်းဧည့်သည် (၁၀) ဦးသည် ၄င်းတို့၏  ကိုယ်ပိုင်မော်တော်ယာဉ် (၃)စီး ၊ကိုယ်ပိုင်မော်တော် ဆိုင်ကယ် (၄) စီးဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှ နိုဝင်ဘာလ (၂၄) ရက်နေ့အထိ   တမူး-ကလေး -ပုဂံ-ညောင်ရွှေ-နမ့်စန်-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်များသို့ လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိပြီး  Osuga Myanmar Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှ နိုဝင်ဘာလ (၂၄)ရက်နေ့အထိ ခရီးစဉ်(၁၆)ခု၊ မော်တော်ယာဉ်(၂၅)စီး၊ မော်တော်ဆိုင်ကယ်(၄၉)စီး၊ ခရီးသွား ဧည့်သည် (၈၆) ဦးအား ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply