Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အပျော်စီးရေယာဉ်ဖြင့် လာရောက်လည်ပတ်လျှက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာလ(၉) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာ နိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေကြောင်း၊ ရေကြောင်းများ ဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လာရောက်လည်ပတ် လျက် ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Trails of Indochina Travels & Tours ၏ စီစဉ်ဆောင်ရွက်မှုဖြင့်   သြစတြေးလျနိုင်ငံသား ဧည့်သည် (၁၄) ဦးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့မှ နိုဝင်ဘာလ (၂၃) ရက်နေ့အထိ  RV Anawrahta Myanmar အပျော်စီးရေယာဉ်ဖြင့် မန္တလေး-ကျောက်မြောင်း-နွယ်ငြိမ်း-မလည်-တကောင်း-ကသာ-နဘား-နတ်ပေါက်-ဆင်စခန်း-ကသာ-ကျွန်းတော်(ရွှေဂူ)-ထီးချိုင့်-ဆီသည်-မန္တလေး-အမရပူရမြို့-မန္တလေး ခရီးစဉ်များသို့ လည်ပတ်ခဲ့ ကြပါသည် ။   ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ နှင့် ဒုတိယမြစ်ကျဉ်းသဘာဝအလှအပရှုခင်းများ၊ ရေလုပ်သားတို့၏ လူနေမှု ဓလေ့စရိုက် နေထိုင်မှု ပုံစံများ၊ ဆင်စခန်း၊ရိုးရာအိုးလုပ်ငန်းနှင့် ညနေနေဝင်ဆည်းဆာအလှအပများအား ခံစားသိရှိလို၍ ဧရာဝတီမြစ်ကြောင်း၊ ချင်းတွင်းမြစ်ကြောင်း စသည့် ခရီးစဉ်များကို ပိုမိုတိုးတက်လည်ပတ်လျှက် ရှိပြီး  Trails of Indochina Travels & Tours ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှ နိုဝင်ဘာ (၂၃) ရက်နေ့အထိ ခရီးစဉ် (၅) ခု၊ ခရီးသွားဧည့်သည် (၁၂၄) ဦးအား ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။  
About the author

Leave a Reply