Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ် ၊ ကိုယ်ပိုင်မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်     စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေ ကြောင်း၊ ရေကြောင်းများ ဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Seven Days Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် စင်္ကာပူနိုင်ငံသားဧည့်သည် (၂) ဦး၊ မလေးရှားနိုင်ငံသားဧည့်သည် (၁) ဉီး၊ စုစုပေါင်း(၃) ဉီးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ် (၁) စီးဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ(၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၃) ရက်နေ့အထိ တမူး-ကလေး-ပုဂံ-ကျိုက်ထို-မြဝတီ ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။ အဆိုပါ Seven Days Travels & Tours Co.,Ltd   ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃)ရက်နေ့အထိ ခရီးစဉ် (၃) ခု၊ မော်တော်ယာဉ် (၂) စီး၊ မော်တော်ဆိုင်ကယ်(၁)စီး၊  ခရီးသွားဧည့်သည် (၈) ဦးအား ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက် မှုများကြောင့် မြန်မာ နိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ  ၃ ရက်နေ့ အထိ Caravan Tour ခရီးစဉ် (၁၅၉ )ခု ၊   ခရီးသွားဧည့်သည် (၂၄၁၇) ဦး ဝင်ရောက်လည်ပတ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။  
About the author

Leave a Reply