Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ (၁၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေ ကြောင်း၊ ရေကြောင်းများ ဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်းလည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Osuga Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အမေရိကန်နိုင်ငံသားဧည့်သည် (၁) ဦး ၊ သြစတြေးလျနိုင်ငံသား ဧည့်သည် (၁) ဉီး၊ မလေးရှားနိုင်ငံသားဧည့်သည် (၁) ဉီး၊ စုစုပေါင်းဧည့်သည် (၃) ဉီးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်(၁) စီး၊ မော်တော် ဆိုင်ကယ် (၁) စီးတို့ဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီလ (၃)ရက်နေ့အထိ မြဝတီ-ကျိုက်ထို-ညောင်ဉီး-ကလေး-တမူး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တမူးနယ်စပ်ဂိတ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြပါသည်။ အလားတူ အဆိုပါ Osuga Myanmar Travels & Tours Co.,Ltd  ၏ စီစဉ်ဆောင်ရွက်မှုဖြင့်ပင် နယ်သာလန်နိုင်ငံသားဧည့်သည်(၂) ဉီး၊ ဂျာမဏီနိုင်ငံသားဧည့်သည် (၂) ဦး၊ စုစုပေါင်းဧည့်သည် (၄) ဉီးသည် ၄င်းတို့၏ ကိုယ်ပိုင်မော်တော်ယာဉ်(၁) စီး၊ မော်တော်ဆိုင်ကယ် (၂) စီးတို့ဖြင့် ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ ဇန်နဝါလ (၁၃) ရက်နေ့အထိ တမူး-ကလေး-ညောင်ဉီး-ကလော-နမ့်စန်-ကျိုင်းတုံ-တာချီလိတ် ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ တာချီလိတ်နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာသွားကြကြောင်း သတင်းရရှိပါသည်။  
About the author

Leave a Reply