23
Jan
ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီလ (၂၂) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေများ ဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု True Wind Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘယ်လ်ဂျီယမ်နိုင်ငံသားဧည့်သည် (၁) ဦး ၊ ဗြိတိန်နိုင်ငံသား ဧည့်သည် (၂) ဉီး၊ သြစတြေးလျနိုင်ငံသားဧည့်သည် (၁) ဉီး၊ စုစုပေါင်းဧည့်သည် (၄) ဉီးသည် Zone III စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့မှ ဇန်နဝါရီလ(၁၄) ရက်နေ့အထိ ကော့သောင်း-၁၁၅ကျွန်း-ညောင်ဝီးကျွန်း-ငါးမန်းကျွန်း-ကျွန်းဖီလာကျွန်း-ခရင်းခွကျွန်း-စေတန်ကျွန်း-ကော့သောင်းမြို့များသို့ သွားရောက် လည်ပတ်ခဲ့ကြပါသည်။
နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက် မှုများကြောင့် မြန်မာ နိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။