Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်​လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ (၂၂) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေ များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်​ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊  Namjai Ranong Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန်နိုင်ငံသားဧည့်သည် (၁) ဦး ၊ ဗြိတိန်နိုင်ငံသားဧည့်သည် (၃) ဉီး၊ ဂျာမဏီနိုင်ငံသားဧည့်သည် (၁) ဉီး၊ စုစုပေါင်းဧည့်သည် (၅) ဉီးသည် Namjai 2 စက်တပ် ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ ဇန်နဝါရီလ(၁၄) ရက်နေ့အထိ ​ကော့သောင်း-​အောက်ကျွန်းနီကျွန်း-မြန်မာဘန့်-​တောင်​တော်ဝင်ကျွန်း-မြောက်တော်ဝင် ကျွန်း-မြန်မာဘန့်-အောက်ကျွန်းနီကျွန်း-ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။      
About the author

Leave a Reply