Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စက်တပ်ရွက်​လှေများဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ (၂၃) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စက်တပ်ရွက်လှေ များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်​ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု Asia Yachting Co.,Ltd ၏ စီစဉ် ဆောင်ရွက်မှုဖြင့် ဟန်ဂေရီနိုင်ငံသားဧည့်သည် (၂) ဦး၊ နော်ဝေးနိုင်ငံသား ဧည့်သည် (၂) ဉီး၊ ကနေဒါ နိုင်ငံသားဧည့်သည် (၃) ဉီး၊ ရုရှားနိုင်ငံသားဧည့်သည် (၄) ဦး၊ နယ်သာလန်နိုင်ငံသားဧည့်သည်  (၁) ဦး၊ ဂျာမဏီနိုင်ငံသားဧည့်သည် (၃) ဉီး ၊စုစုပေါင်းဧည့်သည် (၁၅) ဉီးသည်  Cheng I Sao စက်တပ်ရွက်လှေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့မှ ဇန်နဝါရီလ(၁၉) ရက်နေ့ အထိ ကော့သောင်း-၁၁၅ကျွန်း-ညောင်ဝီးကျွန်း-ဘိုချိုကျွန်း-လန်ပိကျွန်း-ငါးမန်းကျွန်း-ကျွန်းဖီလာ ကျွန်း-လှိုဏ်ဂူကျွန်း-ခရင်းခွကျွန်း-စေတန်ကျွန်း-ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ် ခဲ့ကြပါသည်။ နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေး အတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများ ကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက် ရှိကြောင်း သတင်းရရှိပါသည်။    
About the author

Leave a Reply