Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ (၂၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် လေ ကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှ ကိုယ်ပိုင်မော်တော်ယာဉ်များ ဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Diethelm Travel LTD ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဂျာမဏီနိုင်ငံသားဧည့်သည် (၇) ဦး ၊ ဆွစ်ဇာလန်နိုင်ငံသား ဧည့်သည် (၁) ဉီး၊ စုစုပေါင်းဧည့်သည် (၈) ဉီးသည် (၁၁.၁.၂၀၂၀) ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝင်ရောက်လာပြီး ရန်ကုန်-ဟဲဟိုး-အင်းလေး ဒေသများသို့ သွားရောက်လည်ပတ်ကာ (၁၄.၁.၂၀၂၀) ရက်နေ့တွင် ပြည်တွင်းမော်တော်ယာဉ်(၃)စီးအား ဌားရမ်း၍ (၁၈.၁.၂၀၂၀) ရက်နေ့အထိ ပင်းတယ-မန္တလေး-ပုပ္ပါး-ပုဂံ-ရန်ကုန် ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပသို့ ပြန်လည်ထွက်ခွာသွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက် မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply