Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ စင်းလုံးငှားခရီးသည်ရေယာဉ်ဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ(၁၀) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန် စင်းလုံးငှား ခရီးသည်ရေယာဉ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးစဉ်​ဒေသများသို့ သွားလာလည်ပတ်လျက်ရှိပါသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ Elegant Myanmar Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အီတလီနိုင်ငံသားဧည့်သည် (၁) ဉီး၊ ပြင်သစ်နိုင်ငံသားဧည့်သည် (၁) ဦး၊ စုစုပေါင်းဧည့်သည် (၂)ဉီးသည်  Mergui Princess ရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကော့သောင်း-တောင်လပို့ကျွန်း-၁၁၅ကျွန်း-၂၅၄ ကမ်းခြေ-၂၅၆အော်-ငါးမန်းကျွန်း-ကျွန်းဖီလာကျွန်း-မျောက်နီကျွန်း-သရဲကျွန်း-ကော့သောင်းမြို့ များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

အလားတူ အဆိုပါ Elegant Myanmar Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပိုလန်နိုင်ငံသားဧည့်သည် (၁) ဉီး၊ ဆွစ်ဇာလန်နိုင်ငံသားဧည့်သည် (၁) ဉီး၊ ဖင်လန်နိုင်ငံသား ဧည့်သည် (၂) ဦး ၊ ဂျာမဏီနိုင်ငံသားဧည့်သည် (၂) ဉီး၊ စုစုပေါင်းဧည့်သည် (၆) ဉီးသည် Mergui Princess ရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဖေဖော်ဝါရီလ (၆) ရက်နေ့ အထိ ကော့သောင်း-တောင်လပို့ကျွန်း-၁၁၅ကျွန်း-၂၅၄ကမ်းခြေ-၂၅၆အော်-ကျွန်း၆၀-မိကျောင်းချောင်း-ကိုဖော့ကျွန်း-တာရာကျွန်း-ငါးမန်းကျွန်း-ကျွန်းဖီလာကျွန်း-မျောက်နီကျွန်း-သရဲကျွန်း-ကော့သောင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့ကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေး အတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ်လာရောက်လည်ပတ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ စင်းလုံးငှား ခရီးသည်ရေယာဉ်ခရီးစဉ်  (၄၀၁)ခု ၊ ခရီးသွားဧည့်သည် (၃၁၇၄) ဦး  ဝင်ရောက်လည်ပတ်ခဲ့ပြီး  ဝင်ငွေ စုစုပေါင်းကျပ်သန်း (၅၅၆.၆) ကျော် ကောက်ခံရရှိခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

 

About the author

Leave a Reply