Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် လာရောက်လည်ပတ်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၃) ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချ စွာဖြင့် အဆင်ပြေချောမွေ့စွာ သွားရောက်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံ၏ တောတောင်ရေမြေသဘာဝအလှအပများ၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ကြည့်ရှုလေ့လာခံစားနိုင်ရန်အတွက် လေကြောင်း၊ရေကြောင်း များဖြင့်သာမက နယ်စပ်ဝင်/ထွက်ပေါက်များမှတဆင့် ကိုယ်ပိုင်မော်တော်ယာဉ် များဖြင့်လည်းကောင်း၊ ပြည်တွင်းရှိ  အပျော်စီးသင်္ဘောများဖြင့်လည်းကောင်း လည်ပတ်လျက် ရှိပါသည်။

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ၊ Miraculous Myanmar Travels & Tours Co.,Ltd ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံသားခရီးသွား ဧည့်သည် (၄၉)ဦးတို့သည် ၄င်းတို့၏ ကိုယ်ပိုင်မော်​တော်ယာဉ် (၁၆) စီးဖြင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီ (၈) ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ ထီးခီး-မောင်းမကန် ကမ်းခြေ- ထားဝယ်- ထီးခီး ခရီးစဉ်အတိုင်း သွားရောက်လည်ပတ်ပြီးနောက် ထီးခီးနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ သွားကြပါသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုတိုးမြှင့်ဝင်ရောက်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ခြင်းနှင့်ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံ၏ ထင်ရှားသောဒေသများသို့  နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် စဉ်ဆက်မပြတ် လာရောက်လည်ပတ် လျက်ရှိကြောင်း  သတင်းရရှိပါသည်။

 

About the author

Leave a Reply