Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ Digital Presentation of Healing Solutions for Tourism Challenge ကျင်းပပြုလုပ်

နေပြည်တော်၊ မေလ (၈) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)သည် COVID-19၏ သက်ရောက်မှုများအား လျှော့ချရန် တီထွင်ဆန်းသစ်မှုရှိသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ Healing Solutions for Tourism Challenge Digital Presentation ကို (၇-၅-၂၀၂၀)ရက်နေ့(Madrid time)(၁၂:ဝဝ) နာရီမှ (၁၆:ဝဝ)နာရီထိ မြန်မာစံတော်ချိန် (၁၆:၃ဝ)နာရီမှ(၂ဝ:၃ဝ)နာရီအထိ ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးတင်လတ်တို့ ဦးဆောင်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်းများ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ Digital Presentation တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေး မှူးချုပ် Mr. Zurab Pololikashvili အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရီးသွားလုပ်ငန်းကဏ္ဍနှင့်ပတ် သက်၍ (၁) ပြည်သူများအတွက် COVID-19 ၏ ဆိုးကျိုးများလျော့ပါးစေရေးကုစား ဆောင်ရွက်ခြင်း (Healing for People)၊(၂)သာယာဝပြောစေရေးကုစားဆောင်ရွက်ခြင်း (Healing for Prosperity)နှင့် (၃)ခရီးစဉ်ဒေသများ အတွက်ကုစားဆောင်ရွက်ခြင်း(Healing for Destinations)စသည့် အပိုင်း(၃)ပိုင်း တွင် Finalists အဖြစ်ရွေးချယ်ထားသူ (၉)ဦးမှ ရှင်းလင်းတင်ပြခဲ့ ပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်(UNWTO)အနေဖြင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏အထောက် အပံ့ဖြင့် COVID-19​ကြောင့်စီးပွားရေးလုပ်ငန်း များ၊ ခရီးစဉ်ဒေသများနှင့် ပြည်သူများအပေါ်သက်ရောက် သည့် ဆိုးကျိုးများကို တုံ့ပြန်ရာတွင် အကျိုးကျေးဇူးရှိစေမည့် Healing Solutions for Tourism Challenge ကို ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါအစီအစဉ်သည် ခရီးသွားလုပ်ငန်းများပြန်လည် ဦးမော့လာစေရေးဆိုင်ရာ စီးပွားရေးအစပြုမှုများ၊ စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များအတွက် နည်းပညာများကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ Digital Presentation ဖြင့် အဖွဲ့ဝင် နိုင်ငံများသိရှိစေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။