Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၂၀၁၉ (World Tourism Day- 2019)အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ (၂၇) ရက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၉ (World Tourism Day-2019)အထိမ်းအမှတ် အခမ်းအနား အား နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ယနေ့နံနက် (၀၉:၀၀) နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို ၊ ဦးသိန်းဆွေနှင့်ဦးအုန်းမောင် ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယဝန်ကြီး များ၊နေပြည်တော်ကောင်စီဥက္ကဌနှင့်တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊သံအမတ်ကြီးများ၊ ဌာနဆိုင် ရာများမှ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Zurab Pololikashvili ၏ သတင်း စကားရုပ်သံအား ဗွီဒီယိုဖြင့်ပြသကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။   ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံး ဟိုတယ် ပထမဆုရရှိသော Amazing Ngapali Resort ၊ ဒုတိယဆုရရှိသော Thingaha Hotel Nay Pyi Taw ၊တတိယဆုရရှိသော Eskala Hotel & Resort အားလည်းကောင်း၊ ဝန်ဆောင်မှုစွမ်းဆောင်ရည် အကောင်းဆုံးနိုင်ငံခြားရင်းနှီးမြှပ်နှံမှုဟိုတယ်များတွင် ပထမဆုရရှိသော Sule Shangri-La Hotel Yangon ၊ဒုတိယဆုရရှိသော Novotel Yangon Max နှင့် တတိယဆုရရှိသော Chatrium Hotel Royal Lake Yangon တို့အား အသီးသီးဆုများ ချီးမြှင့်ပါသည်။ ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ဆောင်မှု စွမ်းဆောင်ရည်အကောင်းဆုံး ပြည်တွင်းခရီးသွားလုပ်ငန်း ပထမဆုရရှိသော Go Go Travels & Tours Co.,Ltd ၊ ဒုတိယဆုရရှိသော Columbus Travels & Tours Co.,Ltd နှင့် တတိယဆုရရှိသော Tour Mandalay Co.,Ltd တို့အားလည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဝန်ဆောင်မှုစွမ်းရည်အကောင်းဆုံး မြန်မာ၊နိုင်ငံခြားဖက်စပ်ခရီးသွားလုပ်ငန်း ပထမဆုရရှိသော Shwe Lay Ta Gun Travels & Tours Co.,Ltd ၊ ဒုတိယဆုရရှိသော EXO Travel Myanmar Co.,Ltd နှင့် တတိယဆုရရှိသော Diethelm Travel Ltd တို့အားလည်းကောင်း အလုပ် သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အခြေခံ ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူ မအက်စတာဗျက်ကထုန် (အဌမတန်း၊ အ.ထ.က-၄ ၊ဟားခါးမြို့)၊ ဒုတိယဆုရရှိသူ မဝင့်ဝါဖြိုး (နဝမတန်း၊ အ.ထ.က-၇ ၊ ရန်ကုန်မြို့)၊ တတိယဆုရရှိသူ မနာခူး(ဒဿမတန်း၊ အ.ထ.က-၆ ၊ကျိုင်းတုံမြို့)၊ နှစ်သိမ့်ဆုရရှိသူ မမေပြည့်စုံ (အဌမတန်း၊ အ.ထ.က(ခွဲ) ၊ ပေါင်မြို့) တို့အား ဆုများကို ချီးမြှင့်ပါသည်။ ထို့နောက်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူ မောင်သိန်းမင်းထိုက် (ဒုတိယနှစ်၊ မဟာ၊ မော်လမြိုင် တက္ကသိုလ်)၊ ဒုတိယဆုရရှိသူ မဂျက်စမင်ဆွေ (ဒုတိယနှစ်၊ မန္တလေးတက္ကသိုလ်)၊ တတိယဆုရရှိသူ မရတနာကျော် (တတိယနှစ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်) နှင့် နှစ်သိမ့်ဆုရရှိသူ မဂန္ဓမာနှင်း (တတိယနှစ်၊ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်)တို့အားလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူ ဒေါ်ကျော့ကေသီဟန် (ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန)၊ ဒုတိယဆုရရှိသူ မအိသန္တာအောင် (အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်)၊ တတိယဆုရရှိသူ မမြတ်ရတနာကျော် (မန္တလာဒီဂရီကောလိပ်)တို့အား ဆုများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင်က ရောင်စုံဓါတ်ပုံပြိုင်ပွဲတွင် ပထမဆုရရှိသူ ရီရီရွှေ၊ ဒုတိယဆုရရှိသူ ဌေးဝင်း(ရမ္မာဝတီ)၊ တတိယဆုရရှိသူ အာကာထွန်းကျော်တို့အား ဆုများကို ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် Luxembourg Agency for Development Cooperation မှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်ရေးဆွဲထုတ်ဝေသည့် လူထုအခြေပြုခရီးသွားလုပ်ငန်းစံ သတ်မှတ် ချက်များစာအုပ် (Myanmar Community Based Toursim Standards ) အားပေးအပ်ရာ ဟိုတယ်နှင့်ခ ရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လက်ခံရယူပါသည်။ ဆက်လက်၍ လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ကျေးရွာ(၅၃) ရွာအတွက် ကျေးရွာတစ်ရွာလျှင် စက်ဘီး (၆) စီးနှုန်းဖြင့် စက်ဘီး (၃၁၈) စီးကို လှူဒါန်းသည့် Flynya Tech Co.,Ltd မှ စက်ဘီးများပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က Flynya Tech Co.,Ltd အား ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှု အဖွဲ့မှ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ၂၀၁၉ အတွက် ဂုဏ်ပြုအကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဒုတိယ သမ္မတ ဦးဟန်နရီဗန်ထီးယူက ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Leave a Reply