27
Oct
ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချောင်းသာကမ်းခြေ၊ Azura Hotel တွင် ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားပြုလုပ်
နေပြည်တော်၊ အောက်တိုဘာလ (၂၇) ရက်
ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) ခရိုင်အလိုက် ထုတ်ကုန် အမျိုးမျိုး ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ချောင်းသာကမ်းခြေ၊ Azura Hotel ကမ်းခြေရှေ့တွင်လည်းကောင်း၊ သီတင်းကျွတ်ပွဲတော်အကြို ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲပိုင်းတွင် Azura Hotel အစည်းအဝေးခန်းမတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားများသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များနှင့် GM/ Manager များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားများ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ ချောင်းသာကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။