ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာတွင် Community Center ဖော်ဆောင်ပေးနိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဇွန်လ (၁၇) ရက်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ ပန်ပက် ကျေးရွာရှိ ကယန်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများအား ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွား ဗဟိုဌာနအဖြစ်ဖော်ဆောင်နိုင်ရန်အတွက် Community Center ဆောက်လုပ်လှူဒါန်းမည့် မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၂.၆.၂၀၁၉) ရက်နေ့၊ ညနေပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်လွှွတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံးခွဲ)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

အဆိုပါ Community Center ကို ကယားပြည်နယ်၏ အထင်ကရနေရာဖြစ်သည့် ပန်ပက်ကျေးရွာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ကယန်းတိုင်းရင်းသားများ၏ စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်သွားမည်ဖြစ်ပြီး ထိုသို့ တည်ဆောက်ရာတွင် ရိုးရာခန်းမဆောင်၊ Minimum Museum၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာ Souvenir shop များ၊ တည်းခိုရန် ရိုးရာ lodge၊ Public Toilet၊ ပျိုးဥယျာဉ်၊ organic စိုက်ခင်းများ၊ Fusal ကွင်းများ၊ Car Parking နှင့်အခြားလိုအပ်သည်များ ထည့်သွင်းတည်ဆောက်ရန် လျာထားပါကြောင်း သတင်းရရှိပါ သည်။

About the author

Leave a Reply