ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၁၉) ပထမအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇွန်လ (၁၀) ရက်
ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၁၉) ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသဆိုင်ရာခရီးသွားကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရပါသည်။


အစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကယားပြည်နယ် အစိုးရ အဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းကိုဖွံ့ဖြိုးတိုးတက်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီဝင် များအနေဖြင့် ခရီးသွားလုပ်ငန်းတိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်းပြောကြားခဲ့ ပါသည်။ ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားကော်မတီ အတွင်းရေးမှူးမှ ကယားပြည်နယ် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် မြန်မာနိုင်ငံခရီးသွားဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်း တင်ပြခဲ့ပြီး ကော်မတီအဖွဲ့ဝင်များက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

About the author

Leave a Reply