22
Jan
ကယားပြည်နယ်၏ ခရီးစဉ်ဒေသအချို့ကို ကန့်သတ်နယ်မြေအဖြစ်မှ ဖြေလျှော့ဆောင်ရွက်
နေပြည်တော်၊ ဇန်နဝါရီလ (၂၂) ရက်
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြေလျှော့မှုများ ဆောင်ရွက် လျက်ရှိရာ ယခင် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသော ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာနှင့် ဖရူဆိုမြို့နယ်၊ ထေခိုကျေးရွာများကို ကန့်သတ်နယ်မြေအဖြစ်မှ ဖြေလျှော့ပေးမည်ဖြစ်ရာ နိုင်ငံခြားသားများ ခရီးသွားလာပါက ကြိုတင် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်ဘဲသွားရောက်နိုင်ပါကြောင်းနှင့် လမ်းခရီးလုံခြုံရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့သို့ တောင်းခံဆောင်ရွက်နိုင်ပါကြောင်း သတင်း ရရှိပါသည်။