Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာလ (၁၁) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ  (၂၀၁၈) နှင့် အညီ ဖွဲ့စည်းခဲ့သည့် ကယားပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၁၉) ကြိမ် မြောက် အစည်းအဝေးကို (၁၀.၁၂.၂၀၁၉) ရက်နေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် ကော်မတီဝင်များ၊ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန (လွိုင်ကော်ရုံးခွဲ) မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။   အစည်းအဝေးတွင် ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူးက ယခင်ကျင်းပ ပြီးစီးခဲ့သည့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ဟိုတယ်တည်ဆောက်ခွင့်၊ တည်းခိုရိပ်သာတည်ဆောက်ခွင့်နှင့် ခရီး လှည့်လည် ရေးလုပ်ငန်းလိုင်စင်များ ခွင့်ပြုနိုင်ရေးအတွက် ကော်မတီသို့တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပြီး မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းစိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ပါသည်။ ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-ဂျပန်ချစ်ကြည်ရေးချယ်ရီပန်းစိုက်ပျိုးပွဲတော် တွင် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အလေးထား၍ အချိန်နှင့်တပြေးညီ အားလုံးပူးပေါင်း ဆောင်ရွက်ရန်နှင့်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အချိန်နှင့်တပြေးညီ အလေးထားအကောင် အထည်ဖော်ဆောင်ရွက်သွားရန်ပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်း အဝေးအား မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။
About the author

Leave a Reply