Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင်လ (၂၂) ရက် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၀) ကြိမ်မြောက် အစည်း အဝေးကို (၂၂.၇.၂၀၂၀) ရက်နေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကော်မတီ ဒုတိယဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင်ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဌ ဝန်ကြီးချုပ်၊ ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူးက လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်လျှောက်ထားမှုများအား  ကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူခဲ့ပါသည်။ ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ Master Plan ရေးဆွဲရေးဆိုင်ရာများကို လည်းကောင်း၊ ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကိုလည်းကောင်း၊ COVID-19 အလွန်တွင် ကယားပြည်နယ်၏ ခရီးသွား ကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။