Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ကယားပြည်နယ် ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီမှ မြန်မာ-ဂျပန်ချစ်ကြည်ရေး ချယ်ရီပန်းပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ (၄) ရက်

ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် မြန်မာ-ဂျပန် ချစ်ကြည် ရေး ချယ်ရီပန်းပင်စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်များ ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ ဝန်ဆောင်မှုလုပ်ငန်း များတိုးတက်စေရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲကို (၃-၁၂-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုဉက္ကဌ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်က  ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာ-ဂျပန် ချစ်ကြည်ရေး ဆာကူရာချယ်ရီပန်းပင်များအား ဗုဒ္ဓဉယျာဉ်အတွင်း စိုက်ပျိုးသွားမည်ဖြစ်ပြီး ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ကယားပြည်နယ်သို့ လာရောက်ခဲ့သည့် ခရီးစဉ်၌  ဂျပန်နိုင်ငံသားခရီးသွားဧည့်သည်များ ကယားပြည်နယ်သို့ ပိုမိုလာရောက်စေရန် ရည်ရွယ် ကာ မြန်မာ-ဂျပန် ချစ်ကြည်ရေး ချယ်ရီပန်းပင်များအား ဂျပန်နိုင်ငံသားများကိုယ်တိုင် လာရောက် စိုက်ပျိုးမည်ဖြစ်ပြီး ဂျပန်ခရီးသွားဧည့်သည်များ လာရောက်သည့်အချိန်တွင် ကယားပြည်နယ် အနေ ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန် မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ဂျပန်ခရီးသွား ဧည့်သည် များ လာရောက်သည့်အချိန်တွင် အကောင်းဆုံး  ဝန်ဆောင်မှုများ ပေးနိုင်ရန် မိမိတို့အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် ပြင်ဆင်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များ အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည် ။

ဆွေးနွေးပွဲသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုဉက္ကဌနှင့်တာဝန်ရှိသူများ၊ ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦစီးဌာန၊ လွိုင်ကော်ရုံးခွဲမှ ဝန်ထမ်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်များ စုစုပေါင်းအင်အား (၄၀) တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲအား (၁၅:၀၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

 

 

About the author

Leave a Reply