Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကရင်ပြည်နယ် မြဝတီမြို့တွင် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (မွမ်းမံ) သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ (၂၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏  ဉီးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဉီးစီးဌာန၏ စီစဉ်ဆောင်ရွက်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန မြဝတီရုံးခွဲ၏ ကြီးကြပ်မှုနှင့် မြဝတီမြို့ ဟိုတယ်လုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၇-၈-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့ Grade One Hotel တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Physical Distancing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ဖွဲ့ အခမ်းအနားသို့ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ DMO ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို၊ ဒုတိယရဲတပ်ဖွဲ့မှူးနှင့် ဌာနဆိုင်ရာများ၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု ကျွမ်းကျင် ဝါရင့်ဆရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။ သင်တန်းတွင် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန မြဝတီရုံးခွဲတာဝန်ခံက သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းကို (၂၇-၈-၂၀၂၀) မှ (၁၁-၉-၂၀၂၀) ထိ ၁၅ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ဟိုတယ်များတွင် တာဝန် ထမ်းဆောင်လျက်ရှိသော သင်တန်းသား (၄၀) ဦး တက်ရောက်ကာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း သတင်း ရရှိပါသည်။