Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကရင်ပြည်နယ် မြဝတီမြို့ “ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ (၇) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြဝတီရုံးခွဲ၏ ကြီးကြပ်မှုဖြင့် မြဝတီမြို့ ဟိုတယ်လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် “ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်အချိန်တွင် မြဝတီမြို့ရှိ CITY HOME ခန်းမ၌ ကျင်းပရာ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်း၊ အဖွဲ့ဝင် (၂) ဦးစိန်သောင်း၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်း၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်၊ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ ဗိုလ်မှူးစိန်သန်းမြင့်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် တာဝန်ခံမန်နေဂျာများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။ အဆိုပါ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် ဧည့်ကြို (Front Office)၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး (Housekeeping) နှင့်  အစားအစာနှင့် အဖျော်ယမကာဧည့်ခံကျွေးမွေးရေး (Food & Beverage) ဘာသာရပ်များအား (၆-၁၁-၂၀၂၃)ရက်နေ့မှ (၁-၁၂-၂၀၂၃) ရက်နေ့ထိ ရက်သတ္တပတ် (၄) ပတ်ကို Golden Earth နှင့် Vantage Hotel တို့၌ သင်တန်းဆရာ (၂) ဦးဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦး တက်ရောက်သင်ကြားသွား လျက်ရှိကြောင်းသိရသည်။

Leave a Reply