Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကလောမြို့တွင် COVID-19 Relief Package II ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်း ဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်လ (၂၅) ရက် ဟိုတယ်နှင့်ခရီးသွားလာ‌ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) ၏ စီစဉ်ကြီးကြပ်မှု၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း‌တောင်ဇုန်) ၏ပူးပေါင်းပါဝင်မှုဖြင့် COVID-19 Relief Package II ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၄-၈-၂၀၂၀) ရက်နေ့တွင် ကလောမြို့၊ Hill Top Villa Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင် တတ်သိပညာရှင် ဒေါက်တာ ကြည်လွင်က သင်တန်း နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းလွင်က မြို့နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ အကြောင်း နှင့် ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ကလောမြို့အတွင်းရှိ ဟိုတယ်များမှ ဝန်ထမ်းများ စုစုပေါင်း (၄၀) ဦး တို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဩဂုတ် ၂၄ ရက်နေ့မှ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ (၃) ပတ် (၁၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ Front Office, Hotel Reservation, Housekeeping, F&B Services ဘာသာရပ်များကို Hill Top Villa Hotel, Green Haven Hotel, Pine Breeze Hotel များ၌ ဘာသာရပ်အလိုက် သီးခြားစီဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန အနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့ လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။