22
Jan
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသည့် The Last Resort မှ Executive Director နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ ဇန်နဝါရီလ (၂၁) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အားကစားခရီးသွားလုပ်ငန်း (Sport Tourism) ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ (၂၀.၁.၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေ သည့် The Last Resort မှ Executive Director နှင့် အဖွဲ့အား နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ နီလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ နီပေါနိုင်ငံ The Last Resort ၏ Bungee Jumping နှင့် အခြားခရီးသွားဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ၊ စွန့်စားခရီးစဉ်နှင့် အားကစား ခရီးစဉ်များအတွက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အာမခံထားရှိဆောင်ရွက်ရေး ဆိုင်ရာများ၊ နီပေါနိုင်ငံတွင် Bungee Jumping နှင့် ပတ်သက်၍ ခရီးသွားဧည့်သည်ရောက်ရှိမှု အခြေအနေများနှင့် အားကစားခရီးသွားလုပ်ငန်းကို အထောက်အကူပြုမည့် Bungee Jumping ကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံ၏သင့်တော်သည့် ခရီးစဉ်ဒေသများကို လေ့လာ၍ ဆောင်ရွက်နိုင် ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် အားကစားအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။