Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ကျိုင်းတုံမြို့တွင် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား

နေပြည်တော်၊ ဩဂုတ်လ (၂၄) ရက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု ၊ ကျိုင်းတုံရုံးခွဲ၏ စီစဉ်မှုတို့ဖြင့် COVID-19 Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ (၂၄-၈-၂၀၂၀) ရက်နေ့ ၊ နံနက်   ( ၉:၀၀ ) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Social Distancing ဖြင့် တိုင်းလိယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။     အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးအေးသိန်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမြင့်ကျော် ၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်) ၊ ဒုတိယဥက္ကဌ(၂) ဦးရဲမြင့်အောင်နှင့်ပြည်နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြပါသည်။ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းမှ သင်တန်းအဖွင့်အမှာ စကားပြောကြားပြီး၊ ကျိုင်းတုံရုံးခွဲ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလှိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။   ယခုဖွင့်လှစ်သည့် COVID 19 Relief Package 2 သင်တန်းအား (၂၄-၈-၂၀၂၀) ရက်နေ့မှ ၁၁-၉-၂၀၂၀) ရက်နေ့အထိ (၁၅) ရက်ကြာ  ဖွင့်လှစ်၍ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းအား  ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုကျွမ်းကျင် ဝါရင့်ဆရာများမှ သင်ကြားပို့ချပေးသွားပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်သူများအား ထောက်ပံ့ကြေးငွေ တစ်နေ့လျှင် (၄၈၀ဝိ/-) ကျပ် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။