နေပြည်တော် ဇန်နဝါရီ ၁
ချယ်ရီပန်းပွဲတော် (၂၀၂၅) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေဒေသ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲ တော် (၂၀၂၅) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချယ်ရီပန်းပွဲတော်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အသေးစား၊ အငယ်စား၊ အလတ်စား MSME ထုတ်ကုန်ပြပွဲကိုယ်စား အာခါတိုင်းရင်းသားကိုယ်စားလှယ် ဦးမင်းညိုက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသား ရိုးရာအကများနှင့် တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ချယ်ရီပန်းပွဲတော်တွင် ကပြဖျော်ဖြေပေးကြသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေ များ ပေးအပ်ကြပြီး ချယ်ရီပန်းပွဲတော်တွင် ပြသရောင်းချကြသည့် ဆိုင်ခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Source From: MyanmarAlin