Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးစဉ်ဒေသများအား ထိရောက်စွာရှင်းလင်းတင်ပြခြင်းဆိုင်ရာသင်တန်း (Training Programmeme on Interpretation) ဖွင့်လှစ်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၁) ရက်

            ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အာဆီယံ-ဂျပန်ဗဟိုဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့်  (၉-၂-၂၀၂၀) ရက်နေ့မှ (၁၂-၂-၂၀၂၀) ရက်နေ့အထိ ဖွင့်လှစ်မည့် “ခရီးစဉ်ဒေသများအား ထိရောက်စွာ ရှင်းလင်းတင်ပြခြင်း ဆိုင်ရာသင်တန်း(Training Programmeme on Interpretation)” ၏ ဖွင့်ပွဲ အခမ်းအနားကို ပုဂံမြို့ရှိ Heritage Bagan Hotel ၌ ကျင်းပပြုလုပ်လျက်ရှိပါသည်။

သင်တန်းဖွင့်ပွဲသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမြင့်နှင့် တာဝန်ရှိသူများ၊ အာဆီယံ-ဂျပန်ဗဟိုဌာနမှ အထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး Ms. ROZIEYANAHAYU BINTI AB RAHMAN နှင့်ကျွမ်းကျင်ပညာရှင်များ၊အာဆီယံ (၁၀)နိုင်ငံမှ အမွေအနှစ်များတည်ရှိရာနေရာဒေသများ၌ တာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ် (၁၀)ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများအပါ အဝင် ကိုယ်စားလှယ်စုစုပေါင်း (၂၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပြီး ညွှန်ကြားရေးမှူး Ms. ROZIEYANAHAYU BINTI AB RAHMAN နှင့် ညွှန်ကြားရေးမှူး ဦးလှမြင့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။

အဆိုပါသင်တန်းအား အာဆီယံနိုင်ငံများမှ အမွေအနှစ်များတည်ရှိရာ နေရာဒေသများ၌ တာဝန်ထမ်းဆောင်နေသည့် တာဝန်ခံများ၊ အရာထမ်းများအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်၊ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးရာ၌ ပိုမိုကောင်းမွန်စေရန်၊ခရီးသွားလုပ်ငန်းအရင်းအမြစ် များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးကာကွယ်စောင့်ရှောက်ရန်နှင့် သင်တန်းမှရရှိသည့် ဆွေးနွေးချက် များကို အခြေခံ၍ ယဉ်ကျေးမှုအ​မွေအနှစ်များ ရှင်းလင်းတင်ပြခြင်းဆိုင်ရာ  လက်တွေ့ကျသော လမ်းညွှန်မှုများအား ဖော်ဆောင်သွားရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

About the author

Leave a Reply