Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးစဉ်ဒေသဆိုင်ရာ Video များ စုစည်းရိုက်ကူးထုတ်လွှင့်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ခရီးစဉ်ဒေသဆိုင်ရာ Video များ စုစည်းရိုက်ကူးထုတ်လွှင့်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာမှ ဆောင်ရွက်လျက်ရှိသော ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ခရီးစဉ်ဒေသများနှင့် ခရီးသွားဆွဲဆောင်မှုဆိုင်ရာ Video များ စုစည်းရိုက်ကူးထုတ်လုပ်ခြင်း လုပ်ငန်းအတွက် စိတ်ပါဝင်စားသော ကုမ္ပဏီ/လုပ်ငန်းရှင်များ အနေဖြင့် တင်ဒါဈေးနှုန်းအဆိုပြုလွှာများ လာရောက်တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။ ၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် – (က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက် – ၁၅-၈-၂၀၁၉ ရက် (ကြာသပတေးနေ့) (ခ) တင်ဒါပုံစံရောင်းချမည့်နေရာ       –     တင်ဒါပုံစံများကို တစ်စောင်လျှင်၁၀၀၀၀/-ကျပ် (တစ်သောင်းကျပ်)နှုန်းဖြင့် e-Government Office၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန၊ရုံးအမှတ်(၃၃)၊ နှင့် တင်ဒါတင်သွင်းရမည့်နေရာ          နေပြည်တော်တွင် ရုံးချိန်အတွင်းဝယ်ယူနိုင် ပါသည်။ (ဂ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် – ၂၉-၈-၂၀၁၉ ရက် နေ့လယ် (၁၂:၀၀)နာရီ ၃။ အသေးစိတ်သိရှိလိုပါက e-Government Office ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန၊ ဖုန်း ၀၆၇၃-၄၀၆၄၇၆ သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါကော်မတီ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
About the author

Leave a Reply