
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခရီးမြှင့်တင်စရိတ် (Digital Marketing) အသုံးစရိတ်များအတွက် ခွင့်ပြုချက်ဖြင့်Mobile Application (Androidနှင့်iOS) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံဆောင်ရွက်မည်ဖြစ်ပါ၍ စိတ်ပါဝင်စား သည့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ
အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်ပါသည်-
(က) တင်ဒါပုံစံစတင်ရယူနိုင်သည့်ရက် – ၁၆-၁၁-၂၀၂၀ရက်နေ့ (တနင်္လာနေ့)
(ခ ) တင်ဒါပုံစံရယူနိုင်သည့်နေရာ – ခရီးသွားမြှင့်တင်ရေးဌာနခွဲ(Digital Marketing) တွင်လည်းကောင်း၊ https://bit.ly/34Vr643 တွင်လည်းကောင်း၊ အောက်ပါ QR ကို Scan ဖတ်၍လည်းကောင်း ရယူနိုင်ပါသည်။
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ – ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing)၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃၃)၊ နေပြည်တော်။ (ရုံးချိန်အတွင်း)
(ဃ) တင်ဒါမှတ်ပုံတင်ကြေးနှင့်ပေးသွင်းရမည့်နေရာ – တင်ဒါမှတ်ပုံတင်ကြေး ကျပ်၁၀,၀၀ဝိ/- ကို https://payment.tourism.gov.mm/ မှ တဆင့်ပေးသွင်းနိုင်ပါသည်။
(င) တင်ဒါလျှောက်လွှာပိတ်မည့်ရက် – ၂၅-၁၁-၂၀၂၀ရက်နေ့ (ဗုဒ္ဓဟူးနေ့) နှင့်အချိန် နေ့လယ် (၁၂:၀၀)နာရီ
(စ) တင်ဒါဖွင့်ဖောက်စိစစ်မည့်နေ့ရက် – ၂၅-၁၁-၂၀၂၀ရက်နေ့ (ဗုဒ္ဓဟူးနေ့) နှင့်အချိန် နေ့လယ် (၁:ဝဝ)နာရီ
၃။ လုပ်ငန်းနှင့်ပတ်သက်၍အကဲဖြတ်စိစစ်ရွေးချယ်မည့် စံနှုန်းသတ်မှတ်ချက်များကို တင်ဒါ မှတ်ပုံတင်ကြေးပေးသွင်းသည့် email သို့ Softcopy ပေးပို့ပေးမည်ဖြစ်ပါသည်။
၄။ အသေးစိတ်သိရှိလိုပါက ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing)၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၊ ဖုန်း၀၆၇၃-၄၀၆၄၇၆သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါကော်မတီ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
