Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားလုပ်ငန်းစီမံကိန်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် (၂၆) ရက် ယနေ့(၂၆-၇-၂၀၂၀)ရက်နေ့နံနက်ပိုင်းတွင် ခရီးသွားလုပ်ငန်းစီမံကိန်းဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးတင်လတ် ဦးဆောင်၍ ရန်ကုန်မြို့ Center for Tourism Development (CTD) ၌ ကျင်းပရာ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး‌‌ ဒေါ်နော်ပန်း သဥ္ဇာမျိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁)သင်းမှ ဥက္ကဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ယခုခရီးသွားလုပ်ငန်းပင်မစီမံကိန်း ၂၀၂၁-၂၀၂၅ သည်ယခင်ပင်မစီမံကိန်းကိုအခြေခံ၍ COVID-19 အလွန်တွင် ပြောင်းလဲလာမည့် ခရီးသွား လုပ်ငန်းပုံစံသစ်နှင့် လိုက်လျောညီထွေမှုရှိအောင်၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပြုစု ရေးဆွဲထားပါကြောင်း၊ ပင်မစီမံကိန်းတွင် မဟာဗျူဟာ(၆) ရပ်ပါဝင်ပြီး မဟာဗျူဟာများကို ထိရောက်စွာအကောင်ထည်ဖော်ဆောင်နိုင်ရန် လက်ရှိအမှန်တကယ်ဖြစ်ပေါ်နေသည့်အခြေအနေ နှင့် ကိုက်ညီမှုရှိစေရန်အတွက် လက်တွေ့ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၏ အကြံပြုချက်များကိုလည်း ပင်မစီမံကိန်းတွင် ထည့်သွင်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တက်ရောက်လာကြသူများအနေဖြင့် ပင်မ စီမံကိန်းတွင် ထပ်မံ ဖြည့်စွက်လိုသည်များကို အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြား ပါသည်။ ထို့နောက်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက   ခရီးသွားလုပ်ငန်းပင်မ  စီမံကိန်းရေးဆွဲဆောင်ရွက်ထားရှိမှုများ     စီမံကိန်းပါ မဟာဗျူဟာ(၆)ရပ်နှင့် ဆောင်ရွက်ရမည့် အချက်အလက် များကိုရှင်းလင်းတင်ပြပါသည်။ ၄င်းနောက် တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်း သဥ္ဇာမျိုး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်း (၁၁) သင်းမှ ဥက္ကဌများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များက ခရီးသွားလုပ်ငန်းပင်မစီမံကိန်း တွင် ဖြည့်စွက်သင့် သည့် အချက်များကို အကြံပြုဆွေးနွေးပြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်နေမှုများ၊ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ရေးဆောင်ရွက်နေမှုများ၊ လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးကာပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။