Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက်(၁၆) Precautionary Restrictions for Travellers to Myanmar ဆိုင်ရာ ညွှန်ကြားချက်အားသိရှိလိုက်နာ ပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခြင်း

နေပြည်တော်၊ မတ်လ ၁၆ ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။       အသက်ရှုလမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19 ) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က ၁၁-၃-၂၀၂၀ ရက် မြန်မာစံတော်ချိန်ည ၁၁:၁၃ နာရီအချိန်တွင် သတ်မှတ်ကြေငြာခဲ့ပါသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19 ) သည် လူစုလူဝေး များပြားရာနေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ် ကြရန် နိုင်ငံတော်သမ္မတရုံးမှ ၁၃-၃-၂၀၂၀ ရက် ပြည်သူသို့ ပန်ကြားချက်တွင်လည်း ထုတ်ပြန်ခဲ့ပြီး ထိုသို့ အခမ်းအနားများ ပွဲလမ်းသဘင်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်ထိ ကျင်းပခွင့်မပြုဘဲ  ရပ်ဆိုင်းထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။ ၃။      ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါကူးစက်ဖြစ်ပွား သော နိုင်ငံများ ဆက်တိုက်များပြားလာခဲ့ပြီး အီတလီ၊ တောင်ကိုရီးယား၊ အီရန်၊ စပိန်၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမြင့်တက်လျက်ရှိရာ နိုင်ငံတကာခရီးသည်များ မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ အခြားနိုင်ငံများတွင် ရပ်နားဖြတ်သန်းပြီးသော်လည်းကောင်း ဝင်ရောက်ရာမှ  COVID-19 ရောဂါကူးစက် ပျံ့ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ဖော်ပြပါဖြစ်ပွားမှုများသောနိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို့ အပြည်ပြည် ဆိုင်ရာလေဆိပ်များမှတစ်ဆင့် ဝင်ရောက်လာသည့် ခရီးသွားများအား (၁၄) ရက်ယာယီ အသွား အလာကန့်သတ်ခြင်းလုပ်ငန်းများ  “Precautionary Restrictions for Travellers to Myanmar”  ဆိုင်ရာ ညွှန်ကြားချက်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပူးတွဲပါအတိုင်း ထုတ်ပြန် ထားပါသဖြင့် အဆိုပါနိုင်ငံများမှ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွား ကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။    
About the author

Leave a Reply