Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက်(၁၇)

မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေး ထပ်တိုး ကန့်သတ်ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန်အကြံပြုခြင်း
********************************************************************
နေပြည်တော်၊ မတ်လ ၂၁ ရက်

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကမ္ဘာတစ်ဝန်း COVID-19 အသက်ရှူလမ်ကြောင်းဆိုင်ရာ ကူးစက်ရောဂါပျံ့နှံ့မှုနှုန်းအလွန် များ ပြားလာသည့်အတွက် ရောဂါကူးစက်မှုထပ်တိုးလာသည့် နိုင်ငံများမှ မြန်မာနိုင်ငံသို့ လာရောက် သည့် ခရီးသွားများအပေါ်ကြိုတင်ကာကွယ်မှုဆောင်ရွက်မည့် ကန့်သတ်ချက်အသစ်ကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အောက်ပါ အတိုင်းထုတ်ပြန်ထားပါသည်-

(က) COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း အလွန် မြင့်မား လာသည့် ထပ်တိုးနိုင်ငံများအပေါ် ယာယီကန့်သတ်ချက်များ
အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဩစတြီးယားနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ       တို့တွင်    လွန်ခဲ့သည့် (၁၄)ရက်အတွင်း နေထိုင်ခဲ့သူများနှင့် သွားရောက်ခဲ့ဖူးသည့် မြန်မာနိုင်ငံ သားများအပါအဝင် ခရီးသွားများအားလုံးကို မြန်မာနိုင်ငံသို့ 
ရောက်ရှိ ချိန်မှ စတင်၍ (၁၄) ရက်သီးသန့် သတ်မှတ်ထားသည့် နေရာများတွင် ထားရှိ စောင့်ကြည့်မှု (Facility Quarantine) ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများ အနေဖြင့်မူ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှစတင်၍ ၎င်းတို့၏နေအိမ်များ တွင် (၁၄) ရက် သီးသန့် နေထိုင်စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွား ကြရန်ဖြစ်သည်။ ၎င်းတို့အားလုံးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ် များ အပေါ်သို့ မတက်ရောက်မီ အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝ သည့် လက္ခဏာများမရှိကြောင်း ဖော်ပြပါရှိသည့် သက်ဆိုင်ရာနိုင်ငံမှ အသိအမှတ်ပြု ကျန်းမာရေး အဖွဲ့အစည်းမှ ထုတ်ပေးသည့် ဆေးထောက်ခံစာ ပြသရန်လိုအပ်သည်။

(ခ) ဆိုက်ရောက်ဗီဇာ (Visa on Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-visa) ထုတ်ပေး ခြင်းများအပေါ် ယာယီရပ်ဆိုင်းမည့်အစီအမံများ
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာ (Visa on Arrival) နှင့် အီလက်ထရောနစ်ဗီဇာ (e-visa) ထုတ်ပေးခြင်းများကို ယနေ့မှစတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်ထားပါသည်။


၃။ သို့ပါ၍မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှု ပေးနေသည့် ခရီးသွား ကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

About the author

Leave a Reply