Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက်(၁၈)

မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လာကြမည့် မြန်မာနိုင်ငံသားများ COVID-19 ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း

နေပြည်တော်၊ မတ်လ (၂၃) ရက်

၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက် ရှိပါသည်။
၂။       ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် Coronavirus Disease 2019( COVID-19) ရောဂါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာနေမှုကြောင့် မြန်မာနိုင်ငံသူ/သားများအပေါ် ကျရောက်လာနိုင်သည့် ဤကူးစက်မှု ရောဂါအန္တရာယ် ကို ကြိုတင်၍  ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကန့်သတ်သွားနိုင် ရန်အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများဖြင့် လည်းကောင်း၊ တရားဝင်ဖွင့်လှစ်ထားသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လည်းကောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည်ဝင် ရောက်လာကြမည့် မြန်မာနိုင်ငံသားအားလုံးကို မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (၁၄) ရက်ကြာ သီးသန့် နေထိုင်စောင့်ကြည့်မှု (Home Quarantine) ကို ၄င်းတို့၏ နေအိမ်များတွင် ပြုလုပ်သွားမည်ဖြစ်ပါ၍ တိကျစွာ လိုက်နာရမည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာ ထုတ်ပြန်ထားပါသည်။

၃။ သို့ပါ၍ မြန်မာနိုင်ငံမှ ဖော်ပြပါ နိုင်ငံများသို့ သွားရောက်လည်ပတ်သည့် မြန်မာနိုင်ငံသား ခရီးသွားများအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွားလုပ်ငန်းဆောင်ရွက် နေသူများမှ ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

About the author

Leave a Reply