Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက်(၁၉)

ကမ္ဘာ့နိုင်ငံအသီးအသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြား သားများအား မည်သည့် ပြည်ဝင်ဗီဇာအမျိုးအစားမဆို ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အကြံပြုခြင်း ********************************************************************** နေပြည်တော်၊ မတ်လ (၂၉) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂။ ယခုအခါ COVID-19 ကူးစက်ရောဂါပျံ့ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြ မည့် နိုင်ငံခြားသားအားလုံးအပေါ် ၂၉-၃-၂၀၂၀ ရက်နေ့ မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှ စတင်၍ ၃၀-၄-၂၀၂၀ ရက်နေ့အထိ အောက်ဖော်ပြပါအတိုင်း ပြည်ဝင်မှု့ဆိုင်ရာ ယာယီကန့်သတ်ချက်များကို ချမှတ်ထားကြောင်း သိရှိရပါသည်- (က) နိုင်ငံခြားသားအားလုံးအား (မြန်မာနိုင်ငံဆိုင်ရာသံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက်ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံနှင့် အပြန်အလှန် ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှ လေယာဉ်မှူးများ/ သင်္ဘောအရာရှိများ၊တာဝန်ရှိအမှုထမ်းများမှလွဲ၍) လူမှုရေးဗီဇာအပါအဝင် မည်သည့် ပြည်ဝင် ဗီဇာထုတ်ပေးခြင်းကိုမဆို ယာယီရပ်ဆိုင်းခြင်း။ (ခ) အာဆီယံနိုင်ငံများအပါအဝင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအစီ အစဉ်ဖြင့် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုထားသော နိုင်ငံအားလုံးမှ နိုင်ငံခြားသားများအား (သံတမန်နိုင်ငံကူး လက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများမှအပ)ဗီဇာကင်းလွတ်ခွင့်ကိုယာယီရပ်ဆိုင်းခြင်း။ (ဂ) မြန်မာနိုင်ငံဆိုင်ရာသံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအနေဖြင့်မူ ပြည်ပနိုင်ငံများရှိ သက်ဆိုင်ရာ မြန်မာသံရုံး /အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထား ရယူနိုင်မည်ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့် နေ့ရက်မတိုင်မီနှင့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ အသိ အမှတ်ပြု ဓါတ်ခွဲခန်းမှ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီကရရှိထားသည့် COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် အထောက်အထားပြသရန်လိုအပ်မည်ဖြစ်ပြီး ၄င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၄င်းတို့နေအိမ်များတွင် (၁၄) ရက် သီးသန့်နေထိုင် စောင့်ကြည့်မှု (Home Quarantine) ပြုလုပ်သွားမည်ဖြစ်ပါသည်။ (ဃ) မြန်မာနိုင်ငံနှင့် အပြန်အလှန်ပြေးဆွဲနေသည့် လေယာဉ်များနှင့် သင်္ဘောများမှလေယာဉ်မှူးများ/သင်္ဘောအရာရှိများ၊ တာဝန်ရှိအမှု ထမ်းများအနေဖြင့်လည်း ပြည်ပနိုင်ငံ များရှိ သက်ဆိုင်ရာ မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ တစ်ဆင့် ပြည်ဝင်ဗီဇာလျှောက်ထား ရယူနိုင်မည်ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ် ပြန်ထားသည် လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ၂။ သို့ရာတွင် ပြည်ပနိုင်ငံအသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာကိစ္စရပ်ကြောင့် ဖြစ်စေ (သို့မဟုတ်) အရေးပေါ်တာဝန်ဖြင့် ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပါက ဖော်ပြပါ ပြည်ဝင်ဗီဇာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာ သံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ် ကူညီတောင်းခံရန်ဖြစ်ကြောင်း သိရှိရပါသည်။ ၃။ သို့ပါ၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွား လုပ်ငန်းဆောင်ရွက်နေသူများမှ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
About the author

Leave a Reply