Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားအကြံပြုချက်(၂၀)

မြန်မာနိုင်ငံသို့  COVID-19 ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်မည့် ခရီးသွားလာမှု ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အကြံပြုခြင်း နေပြည်တော်၊ ဧပြီလ (၃) ရက် ၁။      ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်း လုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထားဆောင်ရွက်လျက်ရှိပါသည်။ ၂။       ကမ္ဘာဒေသအသီးသီးတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွား၊ သေဆုံးမှုများ တစ်နေ့ထက် တစ်နေ့ ပိုမိုများပြားလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံအတွင်းသို့ ရောဂါကူးစက် ဝင်ရောက်မှုအား ကာကွယ်ရန်အတွက် ခရီးသွားလာမှုဆိုင်ရာ ယာယီ ကန့်သတ်ခြင်း လုပ်ငန်းများ အား တိုးမြှင့် ဆောင်ရွက်မည့် “Additional precautionary restrictions for travelers visiting Myanmar to prevent spread of COVID-19” ဆိုင်ရာ ညွှန်ကြားချက်အား အောက်ပါအတိုင်း ထုတ်ပြန်ထားရှိကြောင်း သိရှိရပါသည်- ၃။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းသို့ COVID-19 ရောဂါကူးစက် ဝင်ရောက်မှုမရှိစေ ရေးအတွက် ခရီးသွားလာမှု ယာယီကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံသားများသို့ ရောဂါ ကူးစက် ဖြစ်ပွားမှု ကာကွယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၄။      ထိုသို့ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ ခရီးသွားလာမှု ယာယီကန့်သတ်ခြင်း ကိစ္စရပ်များ အား (၂၅-၃-၂၀၂၀) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၀၀:၀၀) နာရီအချိန်မှစတင်၍ ဆောင်ရွက်သွား မည်ဖြစ်ပြီး ဤညွှန်ကြားချက်သည် ယခင်ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလုံးကို လွှမ်းခြုံသွားမည်ဖြစ်ပါသည်- (က)    ခရီးသွားလာမှု ယာယီကန့်သတ်ခြင်း –        မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားအားလုံး ပြန်လည်ရောက်ရှိသည့်နေ့မှ စတင်၍ (၁၄) ရက်ကြာ သတ်မှတ်ထားသော နေရာ တွင် ထားရှိ၍ အသွားအလာတားမြစ်ပိတ်ပင်ကန့်သတ်ခြင်းဆောင်ရွက်မည်ဖြစ်ပါသည်၊ –        မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအားလုံးသည် မြန်မာနိုင်ငံသို့ လာရောက် မည့် လေယာဉ်ပေါ်သို့ မတက်မီ (၇၂) နာရီအတွင်း ဓါတ်ခွဲစစ်ဆေးချက်တွင် COVID-19   ရောဂါပိုး မတွေ့ရှိကြောင်း သက်သေခံဓါတ်ခွဲအဖြေ ပါရှိရမည်။ ၄င်းနိုင်ငံခြားသားများအားလုံးကို နေအိမ် အသီးသီး တွင် (၁၄) ရက်ထားရှိ၍ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊   ကန့်သတ်ခြင်း ဆောင်ရွက်ပါမည်- –        မြန်မာနိုင်ငံသို့ လာရောက်မည့် သံတမန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ   တာဝန်ရှိပုဂ္ဂိုလ်များအားလုံးသည်  မြန်မာနိုင်ငံသို့ လာရောက်မည့် လေယာဉ်ပေါ်သို့ မတက်မီ    (၇၂) နာရီအတွင်း ဓါတ်ခွဲစစ်ဆေးချက်တွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သက်သေခံ     ဓါတ်ခွဲအဖြေ ပါရှိရမည်။ ၄င်းတို့အားလုံးကို နေအိမ်အသီးသီးတွင် (၁၄) ရက်ထားရှိ၍ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း၊   ကန့်သတ်ခြင်း ဆောင်ရွက်ပါမည်- ၅။      သို့ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မြန်မာနိုင်ငံသို့ COVID-19 ရောဂါ ကူးစက် ဝင်ရောက်မှုမရှိစေရေးအတွက် ဆောင်ရွက်မည့် ခရီးသွားလာမှုယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အား ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့် ခရီးသွား လုပ်ငန်းဆောင်ရွက်နေသူများမှ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ် ပါသည်။