Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar   Myanmar

ခရီးသွားအကြံပြုချက်(၂၂) emporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်းကို သိရှိလိုက်နာဆောင်ရွက်ကြရန် အကြံပြုခြင်း

နေပြည်တော် ၊ ဧပြီလ (၂၁) ရက် ၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံ အဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ COVID-19 ရောဂါဖြစ်ပွားရာနိုင်ငံများမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက် လာခဲ့သူများထံမှတဆင့် မြန်မာနိုင်ငံသို့ ကူးစက်ဝင်ရောက်မှု များ ရှိခဲ့သဖြင့် ခရီးသွား လာမှုဆိုင်ရာ ယာယီကန့်သတ်ခြင်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ဝင်ရောက် ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်ကို (၂၉-၃-၂၀၂၀) ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၃။ ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားကူးစက်မှုအား ထိန်းချုပ်နိုင်ရေးဆောင်ရွက် ရာ၌ နိုင်ငံတကာမှ လာရောက်သည့် ခရီးသည်များကို ကန့်သတ်ထိန်းချုပ်နိုင်ရေးမှာ လွန်စွာ အရေးကြီးသဖြင့်လည်းကောင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ဝင်ရောက် ဆင်းသက်ခြင်းကို ယာယီကန့်သတ်သည့်ကာလမတိုင်မီက ရောက်ရှိခဲ့သူများထံမှသာ Imported Cases များ တွေ့ရှိရသဖြင့်လည်းကောင်း၊ နိုင်ငံတကာလေကြောင်းခရီးစဉ် များဖြင့် ရောက်ရှိလာ သည့် ခရီးသည်များအတွက် Facility Quarantine များ စီစဉ်ဆောင်ရွက်ပေးရမှု လျော့နည်း သွားခြင်းတို့ကြောင့် အခြားသော ရောဂါတုံ့ပြန်ရေးလုပ်ငန်းများအား ပိုမိုအားဖြည့် ဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ ထုတ်ပြန်ခဲ့သည့် Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ ကုန်ဆုံးမည့် (၁၃-၄-၂၀၂၀) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီကို (၃၀-၄-၂၀၂၀) ရက်နေ့ ၊ မြန်မာစံတော်ချိန် (၂၃:၅၉) နာရီအထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရှိရပါ သည်။ ၄။ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော Temporary Measures to Prevent Importation of COVID-19 to Myanmar through Air Travel ၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်းကို လေကြောင်းလိုင်းများမှ လာရောက်သည့် ခရီးသွား ဧည့်သည် များအား ဝန်ဆောင်မှုပေးနေသည့် ခရီးသွားကုမ္ပဏီများနှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက် နေသူများ သိရှိလိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ် ပါသည်။