Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၁၁)

(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူပြု ဆေးလက်မှတ် ဖြည့်စွက်လျှောက်ထားရန် အသိပေးခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၈) ရက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေ အနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိရာ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော 2019 Novel Coronavirus အဆုတ်ရောင်ရောဂါ(COVID-19) Acute Respiratory Disease ရောဂါကာကွယ်ရေးလုပ်ငန်း အထောက်အကူဖြစ်စေရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှု နှင့်စပ်လျဉ်း၍ စတင်လျှောက်ထားသည့် နေ့မှစပြီး လွန်ခဲ့သည့် (၁၄) ရက်အတွင်း ဟူပေပြည်နယ်သို့ သွားရောက်နေထိုင်ခဲ့ခြင်းမရှိကြောင်းနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ် ပူးတွဲပါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ် Medical Certificate Form အား ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရသဖြင့် ခရီးသွားကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြု အပ်ပါသည်။
About the author

Leave a Reply