Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar  Myanmar

ခရီးသွားအကြံပြုချက် (၁၂)

တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းများ ဆိုင်းငံ့ထားခြင်း နေပြည်တော်၊ ဖေဖော်ဝါရီလ (၁၉) ရက်
၁။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားများဘေးကင်းလုံခြုံအဆင်ပြေစွာ အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်ချက်ထား ဆောင်ရွက်လျက်ရှိပါသည်။ ၂။ လတ်တလောအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်၍ ဖြစ်ပွားခဲ့သော (COVID-19) Acute Respiratory Disease ကာကွယ်နိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသွားဧည့်သည်များအားဆိုက်ရောက် ဗီဇာ (Visa on Arrival) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားပြီး မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည့် မြန်မာခရီးသွားများအတွက် ခရီးစဉ်များ စီစဉ် ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားပါသည်။ ၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများ အင်တာနက်အွန်လိုင်းမှတစ်ဆင့် e-Visa (Tourist) လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကျန်းမာရေးကောင်းမွန်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသတ်မှတ် Medical Certificate Form အား ပြည့်စုံစွာ ဖြည့်စွက်၍ လျှောက်ထားရန်လိုအပ်ကြောင်း သိရှိရပါသည်။ ၄။ အထက်ပါအတိုင်း e-Visa လျှောက်ထားပြီး မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိသူများ ရောက်ရှိ လာပြီး (COVID-19) Acute Respiratory Disease ဖြစ်ပွားမှုမတိုင်မီ ကြိုတင်ဝယ်ယူထားသော ခရီးစဉ်များ ဆောင်ရွက်ပေးရန် တောင်းခံလာလျင် အများပြည်သူ၏ ဘေးကင်းလုံခြုံမှုကို ပထမ ဦးစားပေးထည့်သွင်းစဉ်းစားပြီးမှသာ ဆောင်ရွက်ရန်နှင့် လိုအပ်လျင် General Office of Ministry of Culture and Tourism of the People’s Republic of China ၏ Emergency Notice on Prevention and Control of Coronavirus Infections and Suspending the Business Activities of Tourism Enterprises [2020] No.29 နှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံသို့ လာရောက်လိုသည့် တရုတ်ခရီးသွား ဧည့်သည်များအတွက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခြင်းကို ခေတ္တရပ်ဆိုင်းထားရန် ညွှန်ကြားချက်တို့ကို ကိုးကားပြီး ဆိုင်းငံ့ ဝန်ဆောင်မှုသာပေးရန် ဆောင်ရွက်နိုင်ကြောင်း ခရီးသွားကုမ္ပဏီများ၊ဧည့်လမ်းညွှန်များနှင့် ခရီးသွား လုပ်ငန်းဆောင်ရွက်နေသူများ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။
About the author

Leave a Reply